စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများ ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို မေလ (၈)ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် သာပေါင်းမြို့နယ်၊ နေယု ဆန်စက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ သာပေါင်းမြို့နယ်တာဝန်ခံက ဆန်ဈေးနှုန်းအခြေအနေများနှင့် ဈေးနှန်းများမှန်ကန်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးစုံစမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)