Main menu

ဆိုရှယ်မီဒီယာနှင့်လူငယ်စီးပွားရေး

Powered by Drupal
Tue, 05/14/2024 - 15:57 -- consumer_admin

     ယနေ့ခေတ်တွင် online စနစ်ဖြင့် သတင်းတစ်ခုကို အချိန်တစ်စက္ကန့်အတွင်း လူသန်း ပေါင်းများစွာထံသို့‌ ရောက်ရှိရန် လွယ်ကူလျင်မြန်သည့် social media ခေတ်ဖြစ်သည့်အတွက် လူငယ်များအကြား Socail Media ကို အခြေခံ၍ ပြုလုပ်သည့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်လင်းလာကြသည်။  အချို့မှာ Social Media  အသုံးချပြီး အောင်မြင်လာကြပြီး အချို့မှာ လမ်းမှားရောက်သွားတတ်ကြောင်း တွေ့ရှိရပါသည်။

    ယနေ့ခေတ်လူငယ်များသည် social media ကိုအသုံးချပြီး ဝင်ငွေရရှိရန် ပုံစံအမျိုးမျိုးဖြင့် ရှာဖွေဆောင်ရွက်လျက်ရှိကြသည်။ဝင်ငွေရရှိရန် ဆောင်ရွက်ရာတွင် အရောင်းအဝယ်ကဏ္ဍ (Vend) နှင့် ဝန်ဆောင်မှုကဏ္ဍ (service) ဟူ၍ ရွေးချယ်ရန် ၂ မျိုးရှိသည်။ ယနေ့ခေတ်ကာလတွင် လူအများသည် လိုအပ်သည်ထက် လိုချင်တာကို ပိုမိုဦးစားပေးရွေးချယ်လာမှုများကိုတွေ့ရှိရပြီး အထူးသဖြင့် အမျိုးသမီး အများစုက အလှအပရေးရာများကို ဦးစားပေး ရွေးချယ်လာကြကြောင်း တွေ့ရှိရသည်။ ယေဘုယျအားဖြင့် Online Business အများစုက Fashion ကဏ္ဍကို ဦးစားပေး လာကြသည့် အပြင် ရောင်းချသူများက ကိုယ်ပိုင် Personal Brand တစ်ခု ထူထောင်လာကြောင်း တွေ့ရှိရပါသည်။

      Sodial Media များတွင် လက်လီ၊ လက်ကား ရောင်းချမှုပုံစံ အမျိုးမျိုးကွဲပြားသော်လည်း ရောင်းချသူ လုပ်ငန်းရှင်များ အနေဖြင့် ဝယ်ယူသုံးစွဲသူများ ၏ ယုံကြည်လေးစားမှုရရှိရန် ဝန်ဆောင်မှု (Online Service) ဆောင်ရွက်သူများနှင့်  ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တွေ့ရှိရသည်။ မိမိထံမှ ဝယ်ယူခဲ့သည့် သုံးစွဲသူများ၏ ကုန်ပစ္စည်းအပေါ် သဘောထား မှတ်ချက်များ(Review & Feedback ) များကို ပြန်လည်ရယူပြီး အခြား ဝယ်ယူသုံးစွဲသူ အသစ်များ၏ ယုံကြည်မှုကို ရယူဆောင်ရွက်လာကြသည်။

     ယခုအချိန်တွင် Covidကြောင့် လုပ်ငန်းအချို့အနေဖြင့် ပုံမှန်ကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းစဉ်များတွင် အခက်အခဲရှိနေသည့်အတွက် Online ပေါ်သို့ ရောက်ရှိလာကြသော်လည်း Online ပေါ်တွင် ဈေးကွက်ယှဉ်ပြိုင်မှုများ များပြားလာသည့်အတွက် digital marketing ပိုင်းတွင် စိန်ခေါ်မှုများစွာ  ရှိနေပါသည်ဟု Social Media ကို အသုံးချပြီး စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူ လူငယ်တစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(ဧရာဝတီ)