Main menu

ဘားအံမြို့ပေါ်များရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုုးဝင်းနိုင် (ဦးစီးအရာရှိ)ပါ ဝန်ထမ်းများသည် ဆက်စပ်အဖွဲ့များဖြစ်သော ကရင်ပြည်နယ်ဆန်ကုန်သည်များအသင်း၊ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ ၉.၅.၂၀၂၄ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လက်လီ/လက်ကား ရောင်းချလျက်ရှိသော ဆန်ဆိုင်ကြီးများ၏ ဆန်စီးဝင်စီးထွက်မှုအခြေအနေ၊ ရောင်းဝယ်ဖောက်ကားမှု၊ သိုလှောင်ရောင်းချမှု ၊ ဈေးနှုန်း/ ဈေးကွက်ဖြစ်ပေါ်မှု၊ ဝယ်လိုအား၊ဈေးကွက်လက်ကျန်၊ တွက်ခြေကိုက်မှု အကျိုးအမြတ်အခြေအနေများကို  ကွင်းဆင်းစိစစ်ခဲ့ကြသည်။

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ဈေးကွက်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)