ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ စက်တိုင်ကုန်းရပ်ကွက်ရှိ “တိုးမြင့်” ဒိန်ချဉ်ထုတ်လုပ်သည့် လုပ်ငန်းအား ၁၃.၅.၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သွားရောက်ကွင်းဆင်းခြင်းပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် ဦးမျိုးမျိုးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ကြို့ပင်ကောက်မြို့ ဒေသထုတ်ကုန်တစ်ခုဖြစ်သော တိုးမြင့်ဒိန်ချဉ် ထုတ်လုပ်သည့် လုပ်ငန်းအား လုပ်ကိုင်ခဲ့သည်မှာ နှစ်(၂၀)ကျော်ရှိပြီး ယခုဆိုလျှင် ခေတ်မီစက်ပစ္စည်းများအသုံးပြု၍ ကိုယ်ပိုင်နွားခြံဖြင့် ၎င်းမှ ထွက်ရှိသောနွားနို့များနှင့် အခြားမြို့မှ နွားနို့များကို နေ့စဉ်ဝယ်ယူ အသုံးပြုပြီး တစ်နေ့လျှင် ဒိန်ချဉ်(၃၀၀)မီလီမီတာ ဘူးသေးပေါင်း (၁၀၀၀၀)နီးပါးထုတ်လုပ်နိုင်ပြီး လက်ကား တစ်ဘူးလျှင် (၉၀၀)ကျပ်ဖြင့် လက်လီ (၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချပါကြောင်း၊ မြို့နယ်တွင်းသာမက အနီးအနားမြို့များနှင့် ရန်ကုန်၊ ပဲခူး၊ ရခိုင်၊ နေပြည်တော်အစရှိသော မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကာ မိသားစုလုပ်အားသာမက အပြင်အလုပ်သမား (၁၅)ဦး ဖြင့်နေ့စဉ် ဒိန်ချဉ် ထုတ်လုပ်ရောင်းချပါကြောင်း သိရှိရပါသည်။ အမယ်သစ်အနေဖြင့် တိုးမြင့်မလိုင်ကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)