၂၀၂၄ ခုနှစ်၊ မေလ(၁၅)ရက်နေ့၊ နံနက်(၀၉း၁၅)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အမှုထမ်း)သင်တန်း(၂/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းသား/သူများအား သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ထူးချွန်သင်တန်းသား/သူများအား ဆုများချီးမြှင့်ခြင်း၊ ရုံးချုပ်ဌာနခွဲများမှ သင်တန်းသား/သူ (၃၇) ဦး ၊တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၁၁၃)ဦးတို့အား သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့ကာ သင်တန်းဆင်း အခမ်းအနားကို နံနက်(၀၉း၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)