မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်း သည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးတို့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ခရိုင်ဦးစီးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၁၃.၅.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်များမှ ကုန်စုံဆိုင် များအား တတိယအကြိမ်မြောက် အသင့်စားခေါက်ဆွဲခြောက်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါဝင်သော ထုတ်ကုန်လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများကို ဝယ်ယူစားသုံး ခြင်းဖြင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရသည့် အစားအစာများကိုသာရောင်းချပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာမပါသော ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများ ရောင်းချခြင်း မပြုစေရေးအတွက် ပွင့်ဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမထားသော အသင့် စားခေါက်ဆွဲခြောက်များ၊ သက်တမ်းလွန်နေသောစားသောက်ကုန်များနှင့် တရားမဝင်တင်သွင်းထား သောကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်ခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
ပွင့်ဖြူမြို့နယ်တာဝန်ခံသည် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂/၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)