Main menu

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့အား တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် မေလ(၁၀)ရက်နေ့ ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တွေ့ဆုံခဲ့သည်။

     ထိုသို့တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းနှင့် မွေးမြူရေးစီမံကိန်းများ၊ စီမံကိန်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းနှင့်တာဝန်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမပျောက် မတည်ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းနှင့် ရည်ရွယ်ချက်များအားလည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လယ်ယာမြေ အခြားနည်း အသုံးပြုခြင်း ကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းအဆင့်/ဌာနဆိုင်ရာများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)