ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးအမှတ်(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် မေလ(၁၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင် ရာ စားအုန်းဆီများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ သတ်မှတ်နှုန်းထား ရောင်းချခြင်းရှိ/မရှိစိစစ်ဆောင်ရွက် ကြပ်မတ်သွားရန်ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Virtual ဖြင့်တက်ရောက်၍ တိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေမှ စားအုန်းဆီဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှလည်း ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)