Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊  ဗန်း‌မော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး  ဦးအောင်ကျော်ဦးသည် ၁၆-၅-၂၀၂၄ ရက်နေ့ တွင်ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ ဇူးဇူစတိုးဆိုင်သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Omeli အမှတ်တံဆိပ်ပါ ချောကလက်ပိုင်ကိတ် တွင်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရည်အတွက်၊ အသာတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မည့်ကြောင်းဖော်ပြချက်တို့ကို ဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချကြရန်ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ကချင်)