Main menu

"ကွမ်းစိုက်ပျိုးလို့ ပဒေသာပင်တည်ပါ"

Powered by Drupal
Tue, 05/21/2024 - 11:22 -- consumer_admin

      မြင်းခြံခရိုင် ၊ မြင်းခြံမြို့နှင့်နွားထိုးကြီးမြို့နယ်များတွင် ကွမ်းကို တပိုင်တစ်နိုင် စိုက်ပျိုးရာမှ  စီးပွားဖြစ်တိုးချဲ့လုပ်ကိုင်သူ များပြားလာကြောင်း သက်ဆိုင်ရာမြေစာရင်းဦးစီးဌာန၏ စိုက်ပျိုးမှု ကိန်းဂဏန်းများအရလည်းကောင်း၊ နယ်မြေဒေသလေ့လာချက်များအရလည်းကောင်း သိရှိရပါသည်။ မြင်းခြံမြို့နယ်အနေဖြင့် ကွမ်းစိုက်ပျိုးမှု ၈ ဧကရှိပြီး (၁) ဧကတစ်နှစ် အထွက်ပိဿာ ၃၄၁၆ ပိဿာ ထွက်ရှိကြောင်း၊ နွားထိုးကြီးမြို့နယ်တွင် ယခင်နှစ်ကွမ်းစိုက်ပျိုးမှု ၂၃၄ ဧက မှ ယခုနှစ်စိုက်ပျိုး မှုဧက ၄၉၈ ဧကထိ တိုးချဲ့စိုက်ပျိုးလာကြောင်း တစ်ဧက တစ်နှစ်အထွက်ပိဿာ ၃၅၀၀ ပိဿာခူးဆွတ်ရရှိကြောင်း သိရှိရပါသည်။ ကွမ်းရွက်ပင်သည် နှစ်ရှည်ရာသီပင် အကြီးစားမဟုတ်သော်လည်း စိုက်ပျိုးပြီး ၇ နှစ် ၈ နှစ်ခန့်အကြာထိ ခူးဆွတ်ရောင်းချရသော အပင်တစ်မျိုးလဲဖြစ်ပါသည်။ ပြုစုစောင့်ရှောက် ထိန်းသိမ်းမှုကောင်းရင် ကောင်းသလို အထွက်ပိဿာများများရရှိတယ်လို့ သိရပါသည်။ ကွမ်းပင်သည် ရာသီမရွေးစိုက်ပျိုးလို့ရသော သီးနှံတစ်ခုလဲဖြစ်ပါကြောင်း အများစုကတော့ ဝါဆို / ဝါခေါင်လများတွင် စိုက်ပျိုးကြကြောင်း ယခုလိုကာလစိုက်ပျိုးမည်ဆိုက အသေအပျောက်များနိုင်ကြောင်း ကွမ်းပင်သည် စိုစွတ်ခြင်းကို နှစ်သက်သော်လည်း ရေဝပ်ခြင်းကိုတော့ နှစ်သက်သောအပင်တစ်မျိုးမဟုတ်ပါ။  လက်ရှိ ကွမ်းပျိုးပင်တစ်ပင် ကို (၅၀၀) ကျပ်ရှိပြီး အပင် (၁၀၀၀) စိုက်ကွမ်းခြံဆိုလျှင် သိန်း ၄၀ နှင့် အထက်တွင်ကုန်ကျစရိတ်ရှိပါကြောင်း မြင်းခြံမြို့ ကျီးပင်ကန်ရွာ ကွမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားမှုအရသိရပါသည်။ မြင်းခြံမြို့နယ်တွင် ယခင်ကကွမ်းစိုက်ပျိုးသူ အနည်းငယ်သာရှိခဲ့ သော်လည်း ယခုဆိုလျှင် ကျီးပင်ကန် ၊ ဆိတ်ကုန်း ၊ ထိန်ပန်း ၊ ဓူဝံ ၊ ပျား ၊ ခံစပ်ကုန်းနှင့်ကျေးရွာ အများအပြားပင် စိုက်ပျိုးလာပါကြောင်း ကွမ်းပင်သည် စိုက်ပျိုးပြီး ရက်ပေါင်း ၇၀ ရက်ကျော်လျှင် (၁၅) ရက်တစ်ကြိမ် ခူးဆွတ်ရောင်းချ၍ ရပါကြောင်း  မိုးတွင်းကာလတွင် (၁၀) ရက်တစ်ကြိမ် ခူးဆွတ်ရပါကြောင်း တစ်ကြိမ်ခူးဆွတ်လျှင် ပိဿာ ၂၅ / ၃၀ ပိဿာရပါကြောင်း လက်ရှိ မြို့ပေါ် ကွမ်းအဝယ်ဒိုင် လက်ကားအရောက်ဈေး တစ်ပိဿာ ၁၂၀၀၀/၁၃၀၀၀ကျပ် ခန့်ရှိပါကြောင်း ၎င်းမှ တစ်ဆင့်ကွမ်းယာဆိုင်သို့ လက်လီအရောင်းဈေး တစ်ပိဿာ ၁၈၀၀၀/၂၀၀၀၀ ကျပ်ဈေးရှိပြီး အိမ်စားယာကွမ်းသည် တစ်ပိဿာ ၇၀၀၀ / ၈၀၀၀၀ ကျပ်အနိမ့်ဈေးရှိပါကြောင်း ယခင်နှစ် ကွမ်းအဝယ်ဒိုင် လက်ကားဈေးသည် တစ်ပိဿာ ၇၀၀၀/၈၀၀၀ ကျပ်ဈေးသာရှိပြီး လက်လီ ပြန်ရောင်းဈေးသည် တစ်ပိဿာ ၁၂၀၀၀/၁၃၀၀၀/ ကျပ်ဈေးသာရှိပါကြောင်း ယခင်နှစ်ထက် ဈေးကောင်းရနေပါကြောင်း  ၎င်းမှာ ကွမ်းခြံများ ချချိန်ဖြစ်ပြီး ခူးဆွတ်ထွက်ရှိမှုမှာလည်း နည်းသည် က တစ်ကြောင်း ချောင်းဦး ၊ မုံရွာကွမ်းများ ဈေးကွက်ကို လတ်တလော အဝင်မရှိသည့်အတွက် ဈေးပိုရနေတာဖြစ်ပါကြောင်း   ပြီးခဲ့သည့် ဆောင်းကာလဆိုလျှင်   ကွမ်းတစ်ပိဿာ    လက်ကားဒိုင်ပြတ်ဈေး ၁၈၀၀၀/- / ၂၂၀၀၀/-   ကျပ်ထိ ဈေးကောင်းရရှိခဲ့သည့်အတွက် တစ်ချို့ဆိုလျှင် တစ်နှစ် နှင့်ပင်စိုက်စရိတ်ပြန်ရရှိခဲ့ကြောင်း ကွမ်းစိုက်ပျိုးသူတောင်သူတစ်ဦး၏   ပြောကြားမှုအရ သိရပါ သည်။ ကွမ်းပင်သည် စိုက်ပျိုးစရိတ် ကြီးမြှင့်သည်ဆိုသော်ငြားလည်း ဈေးကွက်လဲရှိ လစဉ် ပုံမှန်ဝင်ငွေလဲရသည့် လုပ်ငန်းဖြစ်သည့်အတွက်  စိုက်ပျိုးသင့်သောသီးနှံတစ်ခုပင် ဖြစ်ပါကြောင်း  ကွမ်းစိုက်လို့ပဒေသာပင်တည် ပဒေသာပင်တည်လို့ ကွမ်းစိုက်ကြပါစို့လို့ ရေးသားတင်ပြလိုက်ရပါ သည်။

DOCA(မန္တလေး)