Main menu

မကွေးမြို့၊ နတ်ကန်ကျေးရွာနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းသော အစားအ‌သောက်နှင့်ကုန်စည်များအား ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

       ယခုအခါ နွေကျောင်းပိတ်ကာလဖြစ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)သည် (၁၅.၅.၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ နတ်ကန်ကျေးရွာရှိ ပြည်သူ(၁၃၀)ဦးအား လည်းကောင်း၊ (၁၆.၅.၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စိုက်ပျိုးစရိတ်ချေးငွေလာရောက်ထုတ်ယူသော သမန်းတောကျေးရွာ အုပ်စုမှ တောင်သူ (၅၀)ဦးတို့အားလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄)ချက်၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသတ်မှတ်ချက်များ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)