![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/21.10_4.jpg?itok=vNDe8rhc)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၁၃-၅-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို(၂၁-၇-၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း၊ ဤအမိန့်ကြော်ငြာစာကိုထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်လက်မှတ် မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူ ခြင်းခံရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်များမှာ ရောင်းချသော ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်း ဆောင်ရွက်ရန်၊ အရောင်းပြေစာပေးအပ်ရန်၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံ ချက်များပေးအပ်ရန်၊ ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရန်၊ ရောင်းချသောကုန်စည်နှင့်စပ်လျဉ်း၍ သတင်း အချက်အလက်(သို့) အာမခံချက်များနှင့်ကိုက်ညီ မှုမရှိခြင်းကြောင့် စားသုံးသူကပြန်လည် အပ်နှံလိုပါက သတ်မှတ်ချက်နှင့် ပြန်လည်အပ်နှံနိုင်သည့် ကာလတို့ကို သတ်မှတ်၍ ယင်းတို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ မှတ်ပုံတင်လျှောက် ထားစဉ်က ရောင်းချမည့် ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းတွင် ပါဝင်ခြင်းမရှိသော ကုန်စည် (သို့)ဝန်ဆောင်မှု ရောင်းချခြင်းကို ရှောင်ကြဉ်ရန်၊ ကုန်စည်(သို့)ဝန်ဆောင်မှု ရောင်းချရာတွင် စားသုံး သူကို မထီမဲ့မြင်ပြုခြင်း၊ ဂုဏ်သိက္ခာကိုထိခိုက်စေသော ပြုမူပြောဆိုခြင်းကိုရှောင်ကြဉ်ရန်၊ စားသုံးသူက ငွေပေးချေရန်နည်းလမ်းများ နှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပေးရန်၊ စားသုံးသူထံ ကုန်စည် ပို့ဆောင်မည့်နည်းလမ်းနှင့် သတ်မှတ်ချက်များကို မရောင်းချမီ ကြိုတင်အသိပေးခြင်း၊ ရွေးချယ်ခွင့်ပေးခြင်းနှင့်အညီ ကုန်စည်ပို့ဆောင်ပေးခြင်းဆောင်ရွက်ရန်၊ စားသုံးသူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်(သို့)စားသုံးသူကမဖော်ပြလိုသော အချက်အလက်များကို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အစိုးရဌာန၏ညွှန်ကြားချက်အရဖြစ်စေ ထုတ်ဖော်ခြင်းမှတစ်ပါး ယင်းတို့ ကို ထုတ်ဖော်ခြင်းမပြုပဲ ထိန်းသိမ်းရန်၊ အွန်လိုင်းစနစ်ရောင်းချခြင်းမှတဆင့် နိုင်ငံရေး၊ လုံခြုံရေးကို ပျက်ပြားစေရန်လှုံ့ ဆောင်ခြင်း၊ ဟောပြောခြင်း၊ စည်းရုံးခြင်း၊ အားပေးခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းမှုများ ရှောင်ကြဉ်ရန်၊ မှတ်ပုံ တင်လက်မှတ်ကို အခြားသူများသို့ လွှဲပြောင်းခြင်းမှရှောင်ကြဉ်ရန်၊ ပွင့်လင်းမြင်သာစွာရောင်းချရန်၊ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်းက ချမှတ်သောစည်းကမ်းများ တိကျစွာလိုက်နာရန်၊ ဝန်ကြီးဌာန၊ ဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းများလိုက်နာရန် စသည့်အချက်များကို ဟောပြောခြင်းများ၊ မည်သူမဆို မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ၅ အရ အနည်းဆုံးထောင်ဒဏ် ခြောက်လမှအများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဖြစ်ပါကြောင်း အသိပညာပေး (TalkShow)ဖြင့် ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)