စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့် ဦးဆောင်သော ဝန်ထမ်းများသည် (၁၇.၅.၂၀၂၄)၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြို့နယ်ရှိ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်တို့တွင် ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။
ထိုသို့ဆေးဆိုင်များတွင် ဝင်ရောက်စစ်ဆေးရာ ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချနေခြင်း၊ သက်တမ်း လွန်ဆေးဝါးများ ရောင်းချမှုမရှိခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများမှာလည်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမရှိပဲ ပြည်သူများ၏ လိုအပ်ချက်များအရသာ ဆိုင်တင်ရောင်းချနေခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မိမိတို့ဌာန၏ မှတ်ပုံတင်အမှတ်ပါရှိမှသာ တရားဝင်ရောင်းချရမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)