Main menu

အထူးဈေးနှုန်းဖြင့်ရောင်းချသောစက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည်(၁၁.၂.၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ရှိ Denko(ကျောက်ဆည်)၊ စဉ့်ကိုင်မြို့နယ်ရှိ Denko(စဉ့်ကိုင်) နှင့် (၁၄-၂-၂၀၂၂)ရက်နေ့တွင် စဉ့်ကိုင်မြိုနယ် ၊ ပလိပ်ကျေးရွာရှိ Denko(ပလိပ်)နှင့် တံတားဦးမြို့နယ်ရှိ Denko(တံတားဦး) စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက နိုင်ငံတော်မှစက်သုံးဆီဈေးနှုန်းမြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ရောင်းချရာတွင် သုံးစွဲသူများအား နိုင်ငံတော်မှသတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ မရောင်းချရန်နှင့် အချင်အတွယ်မှန်ကန်မှုရှိစေရေး အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာ ရောင်းချရန် အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့ဖွဲ့စည်း၍ တာဝန်ပေးထားသည့်အတွက် လာရောက်စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အထူးဈေးနှုန်းဖြင့်ရောင်းချနေသည့် စက်သုံးဆီများဖြစ်သော Diesel ၊ Premium Dieselများအား (၂၀)လီတာဝင်စံခွက်ဖြင့် ချင်တွယ်စစ်ဆေးပြီး မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

            အလားတူ (၁၅-၂-၂၀၂၂)ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံမှ ဦးဆောင်ပြီး ပြင်ဦးလွင်မြို့နယ်ရှိ Black Gold စက်သုံးဆီအရောင်းဆိုင်အား နိုင်ငံတော်မှ သတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ မရောင်းချရန်နှင့် အချင်အတွယ်မှန်ကန်မှုရှိစေရေး အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာ ရောင်းချရန်အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)