(၁၆.၅.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၀:၀၀) နာရီအချိန်က မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမို့သည် ပူးပေါင်းမိတ်ဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့ပေါ်ရှိ ဆီရောင်းချနေသော ဆီဆိုင်(၁၀)ဆိုင်အား သွားရောက်၍ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထို့သို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စားသုံးဆီ လက်ကားရောင်းချသည့်နေရာ၊ မြို့မဈေး၊ မြို့ပေါ်ရပ်ကွက် လက်လီဆီအရောင်းဆိုင် များတွင် သတ်မှတ်ရည် ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ဓနုဖြူမြို့နယ်အတွင် ဆီရောင်းချသူ လက်လီလက်ကား အရောင်းဆိုင်များသည် ရည်ညွှန်းဈေးထက် ဈေးနှန်းမြင့်တင်၍ ရောင်းချပါက စားသုံးသူကာကွယ် ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)