စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်ခရိုင် ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်စက်မှုလက်မှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ (၁၅.၅.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၀၀)အချိန်က ပန်းတနော်မြို့ပေါ်ရှိ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ကိုချစ်ဖွယ်၊ မကြည်ကြည်ဝင်း လယ်ယာသုံးပစ္စည်း ထုတ်လုပ်ရေးစက်မှုလုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ လုပ်ငန်းထုတ် လုပ်လည်ပတ်မှု အခြေအနေများကို လေ့လာကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လယ်ယာသုံးစက်ပစ္စည်းများကို ပြုပြင်ထုတ်လုပ်သော စက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများကို ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးခဲ့သည်။ ပြည်တွင်းမှ လယ်ယာသုံးစက် ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အခြား လုပ်ငန်းရှင် များက သမဝါယမစနစ်ကို အခြေခံပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်၊ ဝန်ဆောင်မှု လုပ်ငန်းအကြောင်းကိုလည်းကောင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ပြီး “လယ်ယာစီးပွားအကျိုးများဖို့ သမဝါ ယမ စွမ်းပကားနဲ့ ကူညီကြပါစို့” ဟု စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူဖြင့် စုပေါင်းဆောင်ရွက်သွားနိုင်ရန် ပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)