Main menu

မိတ္ထီလာမြို့ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ မေလ(၁၀)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန် မိတ္ထီလာမြို့မဈေး၌ ဆေးဝါးအရောင်းဆိုင်များအား ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြင့်တင်ရောင်းချမှု မရှိစေရေး ကုန်ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့ဖြင့် ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တို့ဖြင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များ၌ Enervon-C၊ ငှက်သိုက်၊ PediaSure အားဆေးများ၊    Apivit၊   Supravit၊      Grovit  ကလေးအား Eposoft ၊ ဆီချိုရောဂါဆေး Diamicron MR 60 mg ၊ ကျောက်ကပ်ရောဂါဆေး Udihep Forte၊ လူကြီး အာဟာရဖြည့်စွက်စာ Ensure များ၊ ဓါတ်ဆား Royal-D၊ Decolgen၊ Metformin Denk၊  Clofenac အကိုက်အခဲ ပျောက်ဆေးများ ၊Metoprolol သွေးကျဆေးများ၊ ခွေးရူးရောဂါကာကွယ်ဆေးများ၊ B ပိုးရောဂါကာကွယ်ဆေးများ Thyroid ဆေးများ ပြတ်လပ်လျက်ရှိပါကြောင်း၊ ဆေးဝါးတင်သွင်းခွင့် လျှောက်ထားရာတွင် အမှာစာ နောက်ကျခြင်း  တင်သွင်းရာတွင် အလှည့်ကျစောင့်ရခြင်း သွင်းကုန် လိုင်စင်လျှောက်ထားဆဲ အခြေအနေတို့ဖြစ်သည့်အတွက် မဖြန့်ဖြူးနိုင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဆေးဝါးဈေးနှုန်းများ အခြေအနေမှာ  ဧပြီလ လဆန်းပိုင်း သင်္ကြန်မတိုင်မီကာလရှိ ဆေးဝါးဈေးနှုန်းများထက် ဆေးဈေးနှုန်းများမှာ ပျမ်းမျှ ၃ % ၊ ၅ % ထိ အသီးသီးမြှင့်တက်သွားလျက်ရှိကြောင်း သိရှိရပြီး အချို့ဆေးများမှာ ဈေးကွက်အတွင်းပစ္စည်း ရှားပါး၍ ရောင်းချသူများမှ အဆင့်ဆင့်ဝယ်ယူရောင်းချရသည့်အတွက် စားသုံးသူလက်ဝယ်သို့ ရောက်သည့်အခါ ဈေးနှုန်းမြှင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)