စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ခရိုင်၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအနေဖြင့် စစ်ကိုင်းခရိုင် အတွင်း အသိပညာပေးဟောပြောပွဲများပြုလုပ်ရန် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု အရ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ ကာကွယ်ပေးရေးအသိပညာပေးဆွေးနွေးပွဲကို ၁၆.၂.၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်း ခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးအရောင်ဆိုင်နှင့်စားသုံးဆီအရောင်းဆိုင်များမှ လုပ်ငန်းရှင်များ စုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူ ရေးရာနှင့် ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်း အမှတ်သား ဖော်ပြခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် ပတ်သက်၍ စားသုံးသူ နစ်နာမှုကြုံရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန တိုင်းဒေသကြီး တာဝန်ခံမှ ကျန်းမာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် အမျိုးသားအစား အသောက် ဥပဒေအကြောင်း၊ အမျိုးသား ဆေးဝါးဥပဒေအကြောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ အကြောင်း၊ မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးအာဏာပိုင် အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ (၂၇)ရက် နေ့က အမှတ်တံဆိပ်ပါ ဘူးသွင်း သောက်ရေသန့်နှင့် အမှတ် တံဆိပ်ပါ၊ စားသုံးဆီတို့ကို ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်ခဲ့ပါကြောင်း သိကောင်းစရာများနှင့် ကျန်းမာရေးဦးစီး ဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှအစားအသောက်နှင့် ဆေးဝါးများအကြောင်းစသည်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိလိုသည့်မေးမြန်းမှုများကို တာဝန်ရှိသူများက ရှင်းလင်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)