Main menu

ဘိုကလေးမြိုနယ်တွင် MSMEs လုပ်ငန်းများအကြောင်းသိကောင်းစရာ Talk Showအစီအစဉ် ပြုလုပ်ခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်  ၂၀၂၄ခုနှစ် ၊ မေလ( ၁၇ )ရက်နေ့ ၊  နံနက်(  ၀၉: ၃၀  )နာရီအချိန်တွင်  ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင်  MSMEs လုပ်ငန်းများအကြောင်းသိကောင်းစရာ  Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါအသိပညာပေး ( Talk Show )အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာ မြို့နယ်  တာဝန်ခံဒေါ်ခင်စန်းအေးမှ ဘိုကလေးမြို့နယ်တွင်  ဆန်စက်လုပ်ငန်း၊ လောင်စာတောင့်လုပ်ငန်း၊ဓနိဖူးခြောက်လုပ်ငန်းများရှိကြောင်း ၊   ဆန်စက်လုပ်ငန်းရှင်များနှင့်  တွေ့ဆုံမေးမြန်းမှု၊     ကုန်ကြမ်းမှကုန်ချောဖြစ်အောင်ထုတ်ယူမှုအဆင့်ဆင့်၊ဈေးနှုန်းဈေးကွက်အခြေအနေ၊ ကြိတ်ခွဲထွက်ရှိသောစပါးခွံများ၏ အသုံးဝင်ပုံအကြောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအကျိုးကိုမျှော်ပြီး  MSMEs လုပ်ငန်းရှင်များနှင့်  တွေ့ဆုံမေးမြန်းဆောင်ရွက်မှုများပြုလုပ်နေကြောင်း  ပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)