Main menu

သောက်ရေသန့်နှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ် တာဝန်ခံ ဦးမောင်မောင်အေး ၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေး တို့နှင့်အတူ( ၂၀--၂၀၂၂) ရက်နေ့ ၁၃:၃၀ နာရီမှ ၁၅:၀၀ အချိန်တွင် ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရွှေပျံလွှားမုန့်မျိုးစုံလုပ်ငန်း၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုံကျောင်းလမ်း ရှိ မိုးကြယ်စင်သောက်ရေသန့်လုပ်ငန်း၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ မေတ္တာလမ်းရှိ ဦးချိ(ဆိတ်ချီးခါး)လုပ်ငန်းတို့ကို ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့်၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသော ၂/ ၂၀၁၉ ပါ ကုန်စည်အမျိုးအစား အလိုက် ဖော်ပြရမည့် ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြလိုက်နာ ဆောင်ရွက်ရန်  ပြည်နယ်ဦးစီး မှူး ဦးသန်းဦးက ရှင်းလင်းဆွေးနွေးမှာကြားပြီး မြေပြင်လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

              ထို့အပြင် ဌာန၏မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” အတွက် ဈေးကွက်ရောက်ပြီးကုန်စည်နှင့် ဈေးကွက်မရောက်မီကုန်စည်များကို လစဉ် လျာထားချက်များချမှတ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ဌာနသို့ ဝန်ဆောင်ခပေးရန် မလိုဘဲ စိစစ်လျှောက်ထားနိုင်ကြောင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ပါသည်။

DOCA(ကယား)