Main menu

တည်းခိုရိပ်သာဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံတို့သည် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်တို့အနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာ ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါ ဆွေးနွေးပွဲသို့ ပြည်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျှက် ရှိသော လုပ်ငန်းရှင်များ၊ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် စားသုံးသူ ရေးရာ ဦးစီးဌာန ၊ ပြည်ခရိုင်ဦးစီးမှူးမှ ဥပဒေပါ ဝန်ဆောင်မှုလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရမည့် တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်တို့အကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းမှုအား ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)