၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ နေ့လယ်(၁၄း၀၀)ချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား(Virtual)စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်တိုင်းရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊ ကော့သောင်းခရိုင်ဝန်ထမ်းများ စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဦးစီးမှူးဦးစိုးဦးမှ ဝန်းထမ်းများအားရုံးချုပ်၏ လမ်းညွှန်ချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်မှူးများက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများ၏ ဆောင် ရွက်ချက်များအားတင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှခရိုင်များတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များအား ဒေသအာဏာပိုင်၊ အသင်းအဖွဲ့များနှင့် မိမိတို့ဝန်ထမ်းများမှ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ဒုတိယပိုင်းအနေဖြင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ပြီး သက်ဆိုင်ရာခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူး ကလိုအပ်သည်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား နေ့လယ် (၁၅း၃၀)တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)