၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဇွန်လ မူဝါဒသစ်အရ ဆီဖြန့်ဖြူးမည့်ကုမ္ပဏီများဖြစ်ကြသော kaung Hlyan New Asia Co,ltd နှင့် Globle Good Pure Group Co,ltd တို့မှ တာဝန်ရှိသူများနှင့် ထားဝယ်၊မြိတ်၊ ကော့သောင်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌများအား Virtual ဖြင့် တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီဖြန့်ဖြူးမည့်အစီအမံများအား ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးမှုအရ ကုမ္ပဏီများမှ ကိုယ်စားလှယ်ရွေးချယ်မှုနှင့် ဆီဖြန့်ဖြူးမည့် အစီအစဉ် များအား ကုမ္ပဏီဥက္ကဌများထံမှ ဆက်လက်တင်ပြပြီး အတည်ပြုချက်ရယူကာ (၂၉.၅.၂၀၂၄) ရက်နေ့တွင် Virtual စနစ်ဖြင့် ပြန်လည်ဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရှိရပါသည် ။
DOCA(တနင်္သာရီ)