Main menu

ဆိပ်ဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသ ကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် (၂၄.၅.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စည်ပင်အမှုဆောင်အရာရှိနှင့်ဝန်ထမ်း (၂၁)ဦး တက်ရာက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းက ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူများမှ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များအား အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ - ၄၁ အရ ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့်အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ကြည့်ရှု့ပြီး ရွေးချယ်ဝယ်ယူစားသုံးသင့် ကြောင်း အသိပညာပေးဟောပြော ရှင်းလင်းဆွေးနွေးခဲ့ပြီး စည်ပင်အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)