စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ် စေရေးအတွက် (၂)ပတ် (၁)ကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ရာ (၂၇.၅.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၃၀)မှ (၁၅:၃၀)အချိန်တွင် မကွေးခရိုင်ဦးစီးမှူးမှဦးစီး၍ မကွေးမြို့ပေါ်ရှိ ဆန်ဆိုင်များအား သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့ပေါ်ရှိ ဆန်စျေးနှုန်းများမှာ ဧရာပဒေသာ (၁)အိတ်လျှင် ကျပ် (၁၂၀၀၀၀)၊ ပေါ်ဆန်းမွှေး (ရွှေဘို)(၁)အိတ်လျှင် ကျပ် (၁၅၀၀၀၀-၁၆၀၀၀၀)၊ ဖန်သီး (၁)အိတ်လျှင် ကျပ် (၉၈၀၀၀-၁၀၅၀၀၀)၊ မနောသုခ (မြောင်းမြ) (၁)အိတ်လျှင် ကျပ် (၉၅၀၀၀-၁၀၀၀၀၀)၊ ဆန်လတ် (၁)အိတ်လျှင် ကျပ် (၆၅၀၀၀-၇၅၀၀၀)၊ ကောက်ညှင်းဆန်လတ် (၁)အိတ်လျှင် ကျပ် (၆၇၀၀၀-၇၀၀၀၀) တို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)