Main menu

သရက်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ၊ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနမကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်နှင့်ဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေး၊ ဝယ်ယူသုံးစွဲရာတွင် အဆင်ပြေ မှုရှိစေရေးတို့အတွက် မြို့နယ်ရှိ မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များသို့ (၂၇.၅.၂၀၂၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချမှုမရှိစေရေး၊ အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ဗီနိုင်း များချိတ်ဆွဲ၍ ရောင်းချမှုရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထို့သို့ သွားရောက်စစ်ဆေးခဲ့ရာတွင် ဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားအုန်းဆီရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပါ  ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းအရာများနှင့် အခြားပါကင်ဘူးများဖြင့် ရောင်းချသည့်ဆီဗူးများတွင်လည်း စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန် ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)