၂၇.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသိပညာပေး Talk Show" ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက "Talk Show" ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံမှလည်း စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်စည်နှင့်စပ်လျဥ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ အာမခံပေးထားမှုအပေါ် စားသုံးသူ၏ တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အာမခံချက်ပေးထားမှုနှင့်စားသုံးသူ၏ တောင်းဆိုနိုင်သည့် အခွင့်အရေး များအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။
DOCA(မွန်)