Main menu

မြိတ်မြို့ပေါ်ရှိ အလှကုန်အမျိုးမျိုးအ‌ရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ၂၀၂၄ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့ပေါ်ရှိ အလှကုန်အမျိုးမျိုး အ‌ရောင်းဆိုင်(၄)ဆိုင်သို့ သွားရောက်၍  ၎င်းတို့ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

         ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးခဲ့သောအလှကုန်များသည် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားရှိပြီး စားသုံးသူကာကွယ်ရေးအနေဖြင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်များရောင်းချစေရန်၊ ကုန်အညွှန်အမှတ်အသားဖော်ပြပါရှိသော ထုတ်ကုန်များသာ ရွေးချယ် ရောင်းချစေရန်နှင့် သုံးစွဲရန်ခွင့်ပြုထားသော ထောက်ခံချက်ပါရှိသည့်ကုန်စည်များကိုသာ ရောင်းချစေရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)