ကျိုက်လတ်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၂၄.၅.၂၀၂၄) နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့မဈေးကြီးအတွင်းရှိ “သုခမွန်” ဆိုင်တွင် ဒု-ဥက္ကဌ ဦးမောင်ဝင်းနှင့် တွေ့ဆုံခဲ့ပါသည်။အသင်းကို အဖွဲ့ဝင်(၁၅)ဦး၊ အလုပ်အမှုဆောင် (၉)ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ ယခုလက်ရှိ အခြေအနေအရ ဥက္ကဌ ဖြစ်သူ ဦးဝင်းဦး ကွယ်လွန်ပြီး နောက်ပိုင်းတွင် အသင်းဥက္ကဌ အဖြစ် ပြန်လည်မရွေးချယ်သော်လည်း အသင်းအသစ် ပြန်လည်လှုပ်ရှား ဆောင်ရွက်နေပါသည်။
အသင်းအနေဖြင့် လိုအပ်ပါက အသင်းသူ၊အသင်းသားများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများအရောင်းအဝယ်မရှိစေရေး ဦးစားပေးဆောင်ရွက်ခြင်း၊ ဒေသ အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သာရေးနာရေး လုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်လျက်ရှိကြောင်း တင်ပြမှုအပေါ် မြို့နယ်တာဝန်ခံမှ အသင်းသူ၊အသင်းသားများနှင့် လစဉ်ပုံမှန် အစည်းအဝေးပြုလုပ်၍ အသင်းအား ပြန်လည် ဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)