Main menu

ပြည်နယ်ဦးစီးမှူးမှ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

   ၄.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဆီလုပ်ငန်းရှင်များ၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချမည့် အရောင်းကိုယ်စားလှယ်များ၊ လက္ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။          

   ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မွန်ပြည်နယ်အတွင်း စားသုံးဆီလက္ကားဖြန့်ခွဲမည့် ကိစ္စရပ်များ၊ မြို့နယ်အလိုက် စည်ပင်သာယာဈေးများတွင် ရောင်းချမည့်ကိစ္စရပ်များ၊ ကုမ္ပဏီအလိုက် လက္ကားကုန်သည်တစ်ဦးချင်းအလိုက် ဆီဖြန့်ခွဲမှုကိစ္စရပ်များ၊ လက္ကားကုန်သည်များမှ လက်လီကုန်သည်များသို့ ဖြန့်ခွဲမှုကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ခစရိတ်အပါအဝင် ၂ ရာခိုင်နှုန်း ထက်မပိုသောအမြတ်ဖြင့် ရောင်းချရမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)