Main menu

ကျိုက်လတ်မြို့ အမှတ်(၅) ရပ်ကွက်ရှိ “ဦးဌေးဝင်း” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ SMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့ အမှတ်(၅) ရပ်ကွက်ရှိ “ဦးဌေးဝင်း” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ကွင်းဆင်းစိစစ် ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကုန်စည်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရင်းနှီးမြုပ်နှံထားရှိမှုများ ၊ လုပ်သားအင်အား (၅) ဦးထိ အသုံးပြုထားမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ ၊ ကုန်စည်အပေါ် အကျိုးအမြတ်ရရှိမှု အခြေအနေအကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်အပေါ် တာဝန်ရှိမှု၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာအချက်များ ၊ ကုန်စည်(သို့) ဝန်ဆောင်မှု့အပေါ် တာဝန်ရှိမှု့ ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)