စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ (၆.၆.၂၀၂၄)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များတွင် စားအုန်းဆီရောင်းချမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့မေးမြန်းရာတွင် ရည်ညွှန်းဈေး (၅၃၄၅) ကျပ်အပေါ် ၂ ရာခိုင်နှုန်းအမြတ်တင်၍ လက်ကားဈေး (၅၅၅၀) ကျပ်ဖြင့် ပြည်သူများထံ အပြည့်အဝရောင်းချပေးသည်ကို စိစစ်တွေ့ ရှိခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူမျာက ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ / မရှိတို့ကိုစစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော အခြားစားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်တို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရန်ကုန်)