၂၀၂၄ခုနှစ် ဇွန်လ ၇ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်းရှိ ဆန်ဆိုင်ကြီး(၅)ဆိုင်သို့ တိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်တို့နှင့်အတူစားသုံးသူရေးရာဦးစီးဌနမှပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။
ကွင်းဆင်းစစ်ဆေးရာတွင်ဒေသအတွင်းဖြစ်သင့် ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် အလေးချိန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချရေး၊ စျေးနှုန်းမြင့်တင်၍ သိုလှောင်ရောင်းချခြင်း မပြုရန် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)