စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ဉက္ကဌ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၈.၆.၂၀၂၄ (စနေနေ့)၊နံနက် ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ(၁)၊ Hybrid Meeting (Via Zoom App) ကျင်းပခဲ့ရာ ကောင်စီအဖွဲ့ဝင်-၂ တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးမှအဖွင့်မှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးများက တင်ပြဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၂း၃၀)အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)