Main menu

ပြည်နယ်ဦးစီးမှူးမှ ကြက်သွန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ၆.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ကြက်သွန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

    ထိုသို့ ဆွေးနွေးရာတွင် မွန်ပြည်နယ်အတွင်းသို့ ကြက်သွန်ဝင်ရောက်မှုအခြေအနေ၊ ကုန်စည်စီးဆင်းမှုအခြေအနေ၊ ကြက်သွန်ထွက်ရှိရာဒေသမှ မွန်ပြည်နယ်အရောက်သယ်ယူ စရိတ်ကုန်ကျမှု၊ လက်ရှိဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်းအခြေအနေ၊ ပြည်နယ်အတွင်း ကြက်သွန်စားသုံးမှုနှင့်တွက်ခြေကိုက်မှုအခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)