Main menu

‘ဈေးကွက်အတွင်းရှိ အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်’

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့၊  နေ့လယ် (၁၃း၀၀)နာရီအချိန်၌  ဗဟိုဈေးကြီး အတွင်းရှိ ကုန်စုံဆိုင်များနှင့် ဈေးအနီးတဝိုက်ရှိ စားသောက်ကုန်အရောင်းဆိုင်များအား သွားရောက်လျက် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့်စပ်လျဉ်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ အသင့်သောက်အချိုရည်အမျိုးမျိုးသည် ဈေးကွက်အတွင်း ကုန်အမှတ်တံဆိပ်အမျိုးမျိုး ဖြင့် ဝင်ရောက်လျက်ရှိရာ စားသုံးသူ(သုံးစွဲသူ)များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ စစ်ဆေးတွေ့ရှိမှုများအပေါ်မူတည်၍ လုပ်ငန်းရှင်များအား ၎င်းတို့အနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်လိုအပ်သည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများအကြောင်း ပြောကြားခဲ့ပြီး ဈေးကွက်အခြေအနေများ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

     ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အချိုရည်များတွင် Asia၊ VE VE ၊ မီးနဂါး၊ Max ၊ DeeD0 ၊ Sunkist ၊ Blue Mountain နှင့် Lactasoy(ပဲနို့) အစရှိသည့် အမှတ်တံဆိပ် အချိုရည်အမျိုးမျိုး၊ Shark ၊ Red-Bull ၊  Carabao၊  Lipo ၊ Speed နှင့် M-150  အစရှိသည့် အမှတ်တံဆိပ် အားဖြည့်အချိုရည်များသည် စားသုံးသူများ ဝယ်ယူမှုအများဆုံးဖြစ်သည့် အချိုရည်များဖြစ်ကြောင်း သိရသည်။

DOCA(ရှမ်း)