၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နေ့လယ်(၁၅:၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီ ပေပါ(၂၃) သည် ရန်ကုန်မြို့မှ 2J-4733 မော်တော်ယာဥ်ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ဆောင်ရေးသို့ ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါစားအုန်းဆီများသည် ဇွန်လမူဝါဒ အသစ်အရ Global Good Pure Group ကုမ္ပဏီမှရောင်းချပေးခဲ့ပြီး မြိတ်ကိုယ်စားလှယ်မှ သယ်ယူကုန်ကျစရိတ်အပါအဝင် ကုမ္ပဏီစျေး အပေါ် ၂ ရာခိုင်နှုန်းထက်မပိုသောအမြတ်နှင့် သတ်မှတ်ရည်ညွှန်းစျေးဖြင့် လက်လီဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ပြီး ပြည်သူများသို့ရောင်းချရန် အစီအမံများ ဆောင်ရွက်နေကြောင်း သိရှိ ရပါသည်။
DOCA(တနင်္သာရီ)