(၆.၆.၂၀၂၄)ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည် ဓနုဖြူမြို့နယ် အုန်းပင်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် စားသုံးဆီ ရောင်းချသူလုပ်ငန်းရှင်(၁၃)ဦး နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်အတွင်း စားအုန်းဆီရောင်းချနေသော စားဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား စားအုန်းဆီစားသုံးမှုလျှော့ချရေးနှင့် ပြည်တွင်းဆီ စားသုံးမှုဖူလုံရေး၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေးကို ဆွေးနွေးခဲ့ပြီး၊ ဆီရောင်းချသူလုပ်ငန်းရှင်များကို ကုန်စည် များ ထုတ်လုပ်ရောင်းချရာတွင် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ ကိစ္စရပ်များ ကိုသိရှိ နားလည်ပြီး လိုက်နာဆောင်ရွက်ရန်၊ မိမိတို့ ရောင်းချဖြန့်ဖြူးသော ဆီများကို စနစ်တကျ ရောင်းချပြီး တစ်နေ့ခြင်းရောင်းချမှု ပိဿာ၊ လက်ကျန်ဆီ၊ ဖြန့်ဖြူးရောင်းချသည့် နေရပ်လိပ်စာများဖြင့် စာရင်းပြုစု ရောင်းချရန် အကြံပြုဆွေးနွေးခြင်းများ၊ မြို့နယ်အလိုက် စားဆီအသင်းများကိုလည်း အသင်းအဖွဲ့ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဖွဲ့စည်းထားပြီး စနစ်တကျ ချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်ကြရန်၊ လုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာဌာနတို့၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအား ရှင်းလင်း ဆွေးနွေးအသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)