Main menu

ကျောင်းမုန့်ဈေးတန်းရှိ မုန့်များအား စားသုံးရန်သင့်မသင့်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်  ကလေးသူငယ်များ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနနှင့်၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဘဝိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို (၇.၆.၂၀၂၄) နေ့ နံနက် (၀၉:၀၀)နာရီကဆောင်ရွက်ခဲ့သည်။
          ကလေးသူငယ်များကို  ရောင်းချနေသည့် အစားအသောက်နှင့် မုန့်များတွင် ဆိုးဆေးသုံးစွဲသည့် မုန့်များ၊ ရက်လွန်မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ဆိုးဆေးသုံးစွဲထားသော မုန့်များ ရှိ/မရှိကိုစစ်ဆေးပြီး၊ မိုးရာသီဖြစ်၍ ယဉ်နားစာများကို မရောင်းချရန်၊ အုပ်ဆောင်း၊ ဇကာ၊ အဖုံးတို့ဖြင့် ရောင်းချရန်၊ ဝမ်းပျက်စေမည့် လက်သုတ်မုန့်များကို မရောင်းချရန်၊ ခေါင်းစွပ်၊ လက်အိတ်များအသုံးပြု၍ မြန်မာမုန့်များကို ကိုင်တွယ်ရောင်းချရန်၊  တကိုယ်ရည်သန့်ရှင်းကို အထူးဂရုစိုက်ရန်၊ မုန့်ဈေးတန်းပတ်ဝန်ကျင်အနီး ရေဝတ်ခြင်းများ၊ မရှိရန်၊ ခြင်မပေါက်ဖွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အချက်များကို စနစ်တက်လုပ်ဆောင်ရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)