Main menu

စားသုံးဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု မအူပင်ဆီလုပ်ငန်းရှင်များနှင့် အသိပညာပေးဆွေးနွေး

Powered by Drupal

       ၂၀၂၄  ခုနှစ်၊  ဇွန်လ၊  ၄  ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မအူပင်ဆီလုပ်ငန်းရှင်(၁၉)ဦးအား ဖိတ်ကြား၍ စားသုံးဆီ ဖြန့်ဖြူးခြင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်းအတွက် လုပ်ငန်းရှင် အသိပညာပေးခြင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြသည်။

     အသိပညာပေးဆောင်ရွက်မှုတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက မအူပင်ဆီရောင်းချသူလုပ်ငန်းရှင်များအ‌နေဖြင့် စားသုံးဆီများရောင်းချရာတွင် စားသုံးဆီများမှန်ကန်စွာ ရောက်ရှိစေရေး၊ အချိန်တွယ်အလေးချိန်မှန်ကန်စေရေး၊ ဘေးအန္တရာယ်ကင်းသောကုန်စည်ကို ပြည်သူလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရန်နှင့် စားသုံးဆီရောင်းချရာတွင် မှတ်တမ်းစာရင်းများကို သေချာစွာပြုစုမှတ်သားပြီး ဆောင်ရွက်ထားရန်၊ ပြည်သူများအတွက် အခြေခံစားသောက်ကုန် ဆီများပြတ်လပ်မှုမရှိစေရေးအတွက် စားသုံးဆီမှာယူဖြန့်ဖြူးရောင်းချရေး အခက်အခဲရှိပါက ခရိုင်မြိုနယ် တာ၀န်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စားသုံးမှုနှင့်ထုတ်လုပ်မှု မျှတမှုရှိစေရန်အတွက် ယခုလို အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊  မိမိတို့မြိုနယ်တွင်လည်း စားသုံးဆီဈေးများကို ထိုက်သင့်သောဈေးဖြင့် ရောင်းချပေးရန် အရေးကြီးပါ‌ကြောင်း၊ အလားတူပုဂ္ဂလိကပိုင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများသိုလှောင်ပြီး ဈေးကစားခြင်းမပြုဘဲ နိုင်ငံတော်၏ သတ်မှတ်နှုန်းထားဖြင့်သာ ရောင်းချပေးစေလိုပါ‌တယ်” ဟု ထပ်ဆင့်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)