ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျေးရွာပေါင်း (၇၆)အုပ်စုရှိပါသည်။ ကျေးရွာများရှိ တောင်သူများ ယခင်စိုက်ပျိုးနည်းစနစ်အစား ကျဲခင်းစိုက်ပျိုးမှုအစား အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယခုမိုးစပါးစိုက်ပျိုးချိန်၌ ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၄ခုနှစ် ဇွန်လဆန်းပိုင်းက တောင်သူများစိုက်ပျိုးနေမှုများကို ကွင်းဆင်းလေ့လာမှုအရ သိရှိရသည်။
မအူပင်မြို့နယ်တွင် စိုက်ဧက ၁သိန်း လေးသောင်းကျော်ရှိပြီး ယခုအခါ၊ ယခင် ကြဲခင်းဖြင့် စိုက်ပျိုးသော မြေနေရာများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဖြင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များက ကြီးကြပ်၍ အစေ့တိုက်ရိုက်ချစနစ်ဖြင့် ပန်းတိုင်ရည်မှန်းချက်အတွက်နှုန်းပြည့်မှီရေးအတွက် အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြခြင်း စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး တောင်သူများ မိုစပါးကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
DOCA(ဧရာဝတီ)