ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၅.၆.၂၀၂၄) နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ညောင်တုန်းမြို့နယ်စက္ကော့ကျေးရွာ စိုက်ပျိုးရေး ကျောင်း၌ ကျောင်းသား၊ကျောင်းသူ (၁၁၅) ဦးအား စားသုံးသူအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအား ဟောပြောခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ အသက်ရှည်ကျန်းမာ၍ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု များနှင့်ပတ်သက်သော ဗဟုသုတများအားသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန Facebook page တွင် စားသုံးသူအသိပညာပေး Short Video များပြုလုပ်ပေးခြင်း၊ ဝန်ထမ်းများမှ ဟောပြော ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတင်းဆောင်းပါး များရေးသား ဖော်ပြခြင်းစသည့် အချက်များအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၉) တွင် ဖော်ပြထားသည့် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော စားသုံးသူများ၏ အခြေခံအခွင့်အရေးဖြစ်သော စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄) ရပ်အားလည်း သိရှိစေရန်ဆွေးနွေးခဲ့ပြီး စားသုံးသူများသည် မိမိတို့နှင့်ထိုက်တန်သော အခွင့်အရေးများအား အပြည့်အဝရရှိရန် လိုအပ်သလို မိမိတို့၏တာဝန်များကိုလည်း သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ စားသုံးသူများအား ဘေးအန္တာရာယ်ကင်း ရှင်းစေရန် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြု ရာတွင် အရေးကြီးသည့် အချက်ဖြစ်သော ကုန်အညွှန်းအမှတ် အသားပြည့်စုံ မှန်ကန်စွာပါဝင်မှု ရှိ/မရှိ သိရှိနိုင် ရန် ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက် အချက်(၅)ချက်ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာ တွင်စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါကလည်း သက်ဆိုင်ရာ ဦးစီးမှူးရုံးများ၊ DOCA Myanmar Mobile Application , DOCA and CICC Facebook Page Messenger ၊ သက်ဆိုင်ရာ CICC များသို့လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်းကြားနိုင်ကြောင်း၊ Consumer Call Center1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်သည့် အခွင့်အလမ်းများရှိကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)