Main menu

ထားဝယ်မြို့ရှိ ကုန်စုံဆိုင်များတွင် စျေးနှုန်းများ သွားရောက်စုံစမ်းခြင်း

Powered by Drupal

    ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နံနက်(၉း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ စျေးနှုန်းများကောက်ယူစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၂၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) စျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငရုတ်ခြောက်စျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကုလားပဲခြမ်းစျေးနှုန်းမှာ တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မန်ကျည်းသီး (အစေ့မပါ) စျေးနှုန်းမှာ တစ်ပိဿာလျှင်(၃၅၀၀)ကျပ် နှင့် အာလူးစျေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀)ကျပ် တို့ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)