Main menu

မြောင်းမြခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အမှတ်(၇)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁) ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်   (၇-၆.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အမှတ်(၇) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၉)  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအချက်(၈)ချက်အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်၊ စားအုန်းဆီလက်လီ၊ လက္ကားဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန် ဘူးသွတ်ဆီများအား FDA ထောက်ခံချက်ပါရှိမှသာ ရောင်းချရမည်ဖြစ်ကြောင်း ဘူးသွတ်ဆီများအား ဖွင့်ဖောက်၍ စားအုန်းဆီများနှင့် ရောနှောကာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် ဆီအမျိုးအစားအလိုက် ဈေးနှုန်းဆိုင်ပုဒ်များအား စားသုံး သူများသိသာထင်ရှားသည့်နေရာများတွင် ချိတ်ဆွဲရောင်းချကြရန် လိုအပ်ပါကြောင်း  စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)