Main menu

မင်းဘူးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀.၆.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် မင်းဘူးမြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၈) ဆိုင်အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ၊ ရက်လွန်ဆေးဝါးများ၊ FDA မှတားမြစ်ထားသော ဆေးဝါးများရောင်းချမှုရှိ/မရှိအဖွဲ့စုံဖြင့် ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင်ဝင်ရောက်လာသော ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ရက်လွန်ဆေးဝါးများအနေဖြင့် ဆေးဆိုင်(၂)ဆိုင်မှ တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပြီး နောက်နောင်တွင် အလားတူဖြစ်ရပ်မျိုးတွေ့ရှိရပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ခံဝန်ကတိရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)