Global Good Pour Group ကုမ္ပဏီမှ မြိတ်စားအုန်းဆီကိုယ်စားလှယ်သို့ ရောင်းချဖြန့်ဖြူးပေးသာ စားအုန်းဆီသည် ၂၀၂၄ခုနှစ်၊ ဇွန်လ၊ (၁၂)ရက်နေ့တွင် မြိတ်မြို့၊ အန်တီဝင်းကားဝင်းသို့ 3H-2528 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၃)ပေပါ ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ စားအုန်းဆီရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ရောက်ရှိလာသော စားအုန်းဆီပေပါ(၂၃) ပေပါကို မြိတ်မြို့တွင် စားအုန်းဆီရောင်းချသည့် လက်လီဆိုင်များသို့ ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)