Main menu

မြိတ်မြို့ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်  မြိတ်မြို့၊ မြစ်ငယ်ရပ်ရှိ အိမ်သုံးဆေးဝါးများ ရောင်းချသည့်ဆေးဆိုင်များသို့ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

DOCA(တနင်္သာရီ)