စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးမောင်မောင်ခိုင်သည် ၁၁.၆.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမှုလတန်း(လွန်) ကျောင်းသို့သွားရောက်၍ ကျောင်းသား/ သူများ အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော် မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုပုံစံများအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုကြရန်၊ တာရှည်ခံဆေးများနှင့် တားမြစ်ဓါတုဆိုးဆေးများအကြောင်း၊ အီလက်ထရောနစ် အငွေ့ရှူစက်(vape) နှင့်ပတ်သက်သည့် ရှောင်ကျဉ်ရမည့်အချက်အလက်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာများတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ(၅၃)ဦး ဆရာ/မ(၄) ဦးစုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)