![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ဆန်ကုန်သည်.jpg?itok=tXpPhT88)
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၁၀ ရက်နေ့၊ နံနက်ပိုင်း ဧရာဝတီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့် တိုင်းဆန်ကုန်သည်များအသင်းတို့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်လာစေရန် အသင်းအဖွဲ့များခိုင်ခိုင်မာမာ ဖွဲ့စည်းထားရှိ၍ အသင်းအဖွဲ့များ အားကောင်းဖို့ လိုအပ်ကြောင်း ဒေသတွင်း စီးပွားရေး အရှိန်အဟုန်မြှင့်တင်ပေးရန် အသေးစား ၊ အငယ်စား ၊အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် အားပေးကူညီရမှာဖြစ်ကြောင်း အသင်းအဖွဲ့တွင် အခက်အခဲများရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မိမိတို့ဌာနမှ တင်ပြ၍ ပါဝင်ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကုန်သည်စက်မှုအသင်းဥက္ကဌ ဦးဝင်းမြင့်လှိုင်က ယခင်ကတိုင်းအတွင်း စီးပွားရေးအသင်းအဖွဲ့များ ဖွဲ့စည်းထားခဲ့သော်လည်း ယခုအခါ မြို့နယ်အခြေခံအသင်းများနှင့် စီးပွားရေးအသင်းများအားလုံးကို အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်ရေးအသင်းအဖွဲ့များ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးနှင့် တိုင်းအတွင်း စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသ အာဏာပိုင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြောင်း သိရသည်။
DOCA(ဧရာဝတီ)