Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းဆီကုန်သည်များအသင်းနှင့် တွေ့ဆုံပွဲပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်း ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တာဝန်ခံ ဦးနေဝင်းစိုးတို့သည် ဧရာဝတီကုန်သည်စက်မှုအသင်းမှဦးမောင်မောင်ဦး တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)ဥက္ကဋ္ဌဦးဖြိုးညီညီ အတွင်းရေးမှူးဦးမြတ်ကိုကိုအဖွဲ့ဝင်များသောဦးမြင့်ဇော်၊ ဦးတင်စိုးလှိုင်တို့နှင့် တွေ့ဆုံခဲ့ပါသည်၊၊ ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်းမှ ဧရာဝတီတိုင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ရန်ကုန်မြို့ UMFCCI လက်အောက်ရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ ဖိတ်ကြား၍ အသင်းအဖွဲ့တရားဝင်ပြန်လည်ဖွဲ့စည်းရေး တိုင်းအတွင်း စားအုန်းဆီရရှိမှု ထုတ်လုပ်မှု ဖြန့်ဝေမှုနှင့် တိုင်းဒေသကြီးအတွင်း စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီများကအချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး ရရှိလာသော စားအုန်းဆီအရေအတွက် ပြည့်မီရေး အထက်ဌာနသို့ ပြန်လည်တင်ပြသတင်းပို့နိုင်ရေး တို့ကို တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက စနစ်တကျ ဆောင်ရွက်သွားရန် နှင့်အသင်းအဖွဲ့ကို သင်းဖွဲ့စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)